ဓါတ်တိုင်အား Taxi မှတိုက်မိ၊လူနာများအား YRO မှ ကူညီ၍ ဆေးရုံပိုပေး

ဓါတ်တိုင်အား Taxi မှတိုက်မိ၊လူနာများအား YRO မှ ကူညီ၍ ဆေးရုံပိုပေး


(၁၈-၆-၂၀၂၀)ရက်နေ့၊ ည(၂၃:၃၀)နာရီ အချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဒေါ်သိန်းတင်လမ်းနှင့် အထက်ပန်းဆိုးတန်းလမ်းဆုံတွင် Taxi ယာဥ်ငယ်တစ်စီးသည် လမ်းအလယ်ကျွန်းရှိ ဓါတ်တိုင်အား ဝင်တိုက်ခြင်း ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်ခဲ့ပါသည်။ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ (ရန်ကုန်)YRO သည် အဆိုပါသတင်းအားကြားသိသည်နှင့်တပြိုင်နက် သိမ်ဖြူလက်ဝှေ့ရုံတွင် စုစည်းထားသော YRO Rescue Taskforce ၏ Special Rescue Team မှ လူနာတင်ယာဥ်( ၂ )စီးနှင့် စေတနာ့ဝန်ထမ်း (၅) ဦး၊ Emergency Rescue Team မှ လူနာတင်ယာဥ်( ၁) စီးနှင့် စေတနာ့ဝန်ထမ်း (၃) ဦး၊ ရှားသူလူမှုကယ်ဆယ်ရေးအဖွဲ့မှ လူနာတင်ယာဥ်(၁) စီးနှင့် စေတနာ့ဝန်ထမ်း (၃) ဦး၊တို့အပြင် မင်္ဂလာတောင်ညွန့် ဖို့မြေလူမှုရေးအသင်းမှ လူနာတင်ယာဥ်(၁)စီးနှင့် စေတနာ့ဝန်ထမ်း (၅) ဦး၊ စုစုပေါင်း အရေးပေါ်လူနာတင်ယာဥ် (၅) စီးနှင့် စေတနာ့ ဝန်ထမ်း (၁၆)ဦးတို့သည် အခင်းဖြစ်နေရာသို့ အလျင် အမြန် ရောက်ရှိသွားခဲ့ကြပါသည်။ အဆိုပါ အခင်းဖြစ်နေရာတွင် အမျိုး သား လူနာ(၅) ဦးအားတွေ့ရှိရပါသည်။ လို အပ်သော မြေပြင်ပြုစုမှုများပြုပေးပြီး အရေး ပေါ်လူနာတင်ယာဥ်များဖြင့် ရန်ကုန်အထွေ ထွေ ရောဂါကုဆေးရုံကြီးသို့ အခမဲ့ ပို့ဆောင် ကူညီပေးခဲ့ကြပါသည်။ အဆိုပါဖြစ်စဥ်တွင် ကယ်ဆယ်ရေးလုပ်ငန်အား YRO ဒုတိယဥက္ကဌ (လေ့ကျင့်/ကယ်ဆယ်) ဦးဝင်းသူ ကိုယ်တိုင် အနီးကပ်ကြီးကြပ် ဆောင်ရွက်ခဲ့ပါသည်။

လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ (ရန်ကုန်) YRO
မှတ်ပုံတင်အမှတ် – ၁/ ပြည်တွင်း /၁၀၂၂
09 772 988 988
09 774 988 988
YRO Rescue Taskforce Hotline no:
09 406 300 100
09 406 300 800
Wave Money Account no;
09 268 100 900
Website;
www.yrorescue.org.
သတင်းနှင့် ပြန်ကြားရေးမှူး YRO
09 4500 410 29
Photo by S R T & E R T ,YRO.

Leave a Reply