ပြည်သူ့အတွက်အခမဲ့အကျိုးဆောင်သူများကို အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပြုခံရခြင်း

ပြည်သူ့အတွက်အခမဲ့အကျိုးဆောင်သူများကို အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပြုခံရခြင်း

ကမ္ဘာတစ်ဝှမ်း ဖြစ်ပေါ်ခံစားနေခဲ့ရသော Corona Virus Disease 2019 {COVID 19} အသက်ရှူလမ်းကြောင်းဆိုင် ရာ ပြင်းထန် အဆုတ်ရောင်ရောဂါ၏ ထိုးနှက်တိုက်ခိုက်ချက်အား မြန်မာနိုင်ငံသည်လည်း ကြုံတွေ့ ခံစားခဲ့ရပါသည်။ ထိုသို့ COVID 19 ရောဂါ၏ ကူးစက် တိုက်ခိုက်မှုကို ခံရသော မြန်မာနိုင်ငံရှိ ပြည်သူ လူထုအား ကျန်းမာရေးစောင့်ရှောက်မှု (Medical Cover)အဖြစ် နေအိမ်များ နှင့် Fever Clinic များမှ သက်ဆိုင်ရာ ကူးစက် ရောဂါအထူးကု ဆေးရုံကြီးများသို့လည်း ကောင်း၊ သတ်မှတ်ထားသော အသွားအလာ ကန့်သတ်စောင့်ကြည့်စခန်း (Quarantine Center)များသို့လည်းကောင်း

ပို့ဆောင်ပေးသော (Pre Hospital Care) လုပ်ငန်းများ၊ Quarantine စခန်းအသီးသီးမှ ကျန်းမာရေးချို့ယွင်းသူများအား သက်ဆိုင်ရာ ဆေးရုံသို့ လွှဲပြောင်း ပို့ဆောင်ခြင်း နှင့် ရောဂါပိုးကင်းစင်သူများအား ၎င်းတို့၏ နေအိမ်အရောက် ပြန်လည်ပို့ဆောင်ပေးခြင်း စသော ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း များအား မြန်မာနိုင်ငံ၊ ပြည်ထောင်စုအစိုးရ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၏ ညွန်ကြားချက်များနှင့်အညီ လူမှု ကူညီ ကယ်ဆယ်ရေးပရဟိတအဖွဲ့များ အသီးသီးမှ စေတနာ့ဝန်ထမ်းအများအပြားသည် အခမဲ့လုပ်အား ပေးခြင်း (Volunteer) အဖြစ် မိမိတို့ကိုယ်ကျိုးမပါ အများအကျိုးအတွက် ဦးတည် ဆောက်ရွက်ခဲ့ကြပါသည်။
ထိုသို့ အခမဲ့ဆောက်ရွက်ပေးခဲ့သည့် စေတနာ့ဝန်ထမ်း(volunteer)များ၏ ကျန်းမာရေးအတွက်လည်း covid 19 ရောဂါပိုး ကူးစက်ခံရခြင်း ရှိ/မရှိ သိရှိနိုင်စေရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အခမဲ့ သွေးစစ်ဆေး အဖြေထုတ်ပေးခြင်းဖြင့် ပြန်လည်၍ ကျန်းမာရေး စောင့်ရှောက်မှု ပြုပေးလျှက် ရှိပါသည်။
ထိုသို့ စေတနာ့ဝန်ထမ်းVolunteer များ၏ ကျန်းမာရေးစောင့်ရှောက်ပေးမှုအစီအစဥ်အရ အခမဲ့သွေးစစ်ဆေးပေးခြင်းကို ရန်ကုန်အနောက်ပိုင်း အထွေထွေ ရောဂါကုဆေးရံ့ကြီးမှ တာဝန်ယူ ဆောင်ရွက်ပေးလျှက်ရှိပါသည်။
အဆိုပါ အစီအစဥ်အရ ယနေ့ (၂၄-၆-၂၀၂၀)ရက်နေ့၊ နံနက်တွင် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ (ရန်ကုန်)YRO အဖွဲ့ချုပ်ကြီး၏ Operation COVID-19 Rescue Taskforce ,YRO.တွင် တာဝန်ထမ်းဆောင်နေသော Special Rescue Team မှ စေတနာ့ဝန်ထမ်းများ(၃၂)ဦးအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ရန်ကုန်အနောက်ပိုင်း အထွေထွေရောဂါကုဆေးရုံ၊ တာဝန်ခံဆရာဝန်ကြီး(ဆေးရုံအုပ်ကြီး) ဒေါက်တာခင်ဇော် နှင့် တာဝန်ကျ ဆရာဝန်များ ၊ ဓါတ်ခွဲ ခန်း တာဝန်ရှိသူများမှ covid-19ရောဂါပိုးကူးစက်ခံရခြင်း ရှိမရှိ စစ်ဆေးသိရှိနိုင်စေရန် volunteer တစ်ဦးချင်းစီ၏ သွေးနမူနာများ အား စနစ်တကျ မှတ်တမ်းတင် ဖေါက်ယူပေးခဲ့ကြပါသည်။
ယနေ့ သွေးဖေါက်စစ်ဆေးခြင်းအစီအစဥ်အား YRO အဖွဲ့ချုပ်ကြီးမှ ဒုတိယဥက္ကဌ (စီမံ) ဦးမိုးငြိမ်း {Emergency Rescue Team တာဝန်ခံ} ၊ ဒုတိယဥက္ကဌ ( လေ့ကျင့်ကယ်ဆယ်) ဦးဝင်းသူ {Special Res ue Team တာဝန်ခံ} တို့မှ အနီးကပ် လိုက်ပါကြီးကြပ်ခဲ့ကြပါသည်။

လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ (ရန်ကုန်)YRO
မှတ်ပုံတင်အမှတ် – ၁/ ပြည်တွင်း/ ၁၀၂၂
09 772 988 988
09 774 988 988
YRO Rescue Taskforce Hotline no;
09 406 300 100
09 406 300 800
Wave Money Account no;
09 268 100 900
Website;
www.yrorescue.org.
သတင်းနှင့်ပြန်ကြားရေးမှူး YRO
09 4600 410 29
Photo by Thet Oo, Press of YRO.

Leave a Reply