အပြင်းဖျားသူအား YROမှ ကူညီကယ်ဆယ်ပို့ဆောင်

အပြင်းဖျားသူအား YROမှ ကူညီကယ်ဆယ်ပို့ဆောင်

ကမ္ဘာ့ကပ်ရောဂါ Covid 19 ဖြစ်ပေါ်နေချိန်တွင် ရောဂါတားဆီး၊ကာကွယ်နိုင်ရေးအတွက် အစိုးရ ဌာနဆိုင်ရာများ၊INGO များ၊ NGOများ ၊ညီနောင်ပရဟိတအသင်းများ နှင့်အတူ လူမှုကူညီကယ်ဆယ်ရေးအသင်း(ရန်ကုန်)YRO သည်လည်း အမျိုးသားရေးတာဝန်အဖြစ်မှတ်ယူလျှက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။ (၂၁-၆-၂၀၂၀)ရက်နေ့၊ နေ့လည် (၁၃:၃၀)နာရီ အချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ အလံပြဘုရားလမ်း နေအိမ်မှ အမျိုးသားတစ်ဦးသည် အပြင်းဖျားနေကြောင်း၊ဆေးရုံပြရန်လိုကြောင်း 192 Call Centerနှင့်တာဝန်ရှိသူများမှ YRO ဒုတိယဥက္ကဌ( စီမံ) ဦးမိုးငြိမ်းထံသို့ ဆက်သွယ်အကြောင်းကြားလာပါသည်။ ထိုသို့ အကြောင်းကြားချက်အရ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ (ရန်ကုန်) YROမှ ဒုတိယဥက္ကဌ (လေ့ကျင့်/ ကယ်ဆယ်) ဦးဝင်းသူ ဦးဆောင်၍အထူးရွေးချယ်ဖွဲ့စည်းထားသော အထူးကယ်ဆယ်ရေးအဖွဲ့ (Special Rescue Team)မှ စေတနာ့ဝန်ထမ်များသည် အန္တရာယ်ကာဝတ်စုံ (PPE)များ ဝတ်ဆင်ပြီး အဆိုပါနေရာသို့ အလျင်အမြန် သွားရောက်ခဲ့ကြပါသည်။ ထို့နောက် လူနာ၏ ကိုယ်အပူချိန်အား တိုင်းတာမှတ်သားခြင်း၊ကိုယ်ရေးရာဇဝင် စစ်ဆေးခြင်းများ မှတ်တမ်းတင် ပြုလုပ်ပါသည်။ ထို့နောက် အထူးပြင်ဆင်ထားသော အရေးပေါ် လူနာတင်ယာဥ်ဖြင့် တင်ဆောင်၍ ရန်ကုန်အထွေထွေရောဂါကုဆေးရုံကြီးသို့ အခမဲ့ကူညီ ပို့ဆောင်ပေးခဲ့ပါသည်။ ထိုသို့ ပို့ဆောင်ရာတွင် YRO မှ စေတနာ့ဝန်ထမ်းများမှာ ဦးတင်မျိုးအောင် နှင့် ဦးကျော်စွာထွန်း တို့ ဖြစ်ကြပါသည်။ အဖွဲ့ခေါင်းဆောင် ဒုတိယဥက္ကဌ ဦးဝင်းသူကိုယ်တိုင် လိုက်ပါ ကြီးကြပ်ခဲ့ပါသည်။

လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ (ရန်ကုန်)YRO
မှတ်ပုံတင်အမှတ် – ၁ / ပြည်တွင်း/ ၁၀၂၂
09 772 988 988
09 774 988 988
YRO Rescue Taskforce Hotline No:
09 406 300 100
09 406 300 800
Wave money account No:
09 268 100 900
Website;
www.yrorescue.org
သတင်းနှင့်ပြန်ကြားရေးမှူး
(လေ့ကျင့်/ကယ်ဆယ်)
photo by SRT,YRO

Leave a Reply