စေတနာ့ဝန်ထမ်းသင်တန်း ဖွင့်ပွဲ

စေတနာ့ဝန်ထမ်းသင်တန်း ဖွင့်ပွဲ

သြဂုတ် ၁၀ရက်၊၂၀၂၀ (တနင်္လာနေ့)

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆရာဝန်အသင်းတို့ ပူးပေါင်း၍ အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့ (National Volunteer Steering Unit) မှ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ ချုပ်(ရန်ကုန်)YROသို့ စေတနာ့ဝန်ထမ်းသင်တန်းဖွင့်ပွဲကို
ကမ္ဘာအေးဘုရားရှိ လူမှုဝန်ထမ်းဦးဌာနတိုင်းရုံးခန်းမ၌ ယနေ့ကျင်းပရာ အခမ်းအနားအဖွင့်ပွဲ အမှာစကားကို မြန်မာနိုင်ငံ ဆရာဝန်အသင်း၊ နယ်ဘက်ဆိုင်ရာ ဆေး၊လူမှုဆက်ဆံတာဝန်ခံ ဒေါက်တာ ဒေါ်မြင့်မြင့် ကအမှာစကားပြောကြာပြီး တက်ရောက်လာသော YRO အဖွဲ့မှ သင်တန်းသားများကို သင်တန်းစတင်ပို့ချခဲ့ပါသည်။

သင်တန်းဖွင့်ပွဲသို့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ ချုပ်(ရန်ကုန်) YRO မှ ဒုဥက္ကဌ ဦးမိုးငြိမ်း (စီမံ)၊ ဒုဥက္ကဌ ဦးဝင်းသူ (လေ့ကျင့်/ကယ်ဆယ်)၊ အတွင်းရေးမှူး ဒေါ်ဇော်မိမိ၊ YRO အရှေ့ပိုင်းခရိုင်မှူး ဒေါ်သန်းသန်းစိုး၊ YRO အနောက်ပိုင်းခရိုင်မှူး ဦးလွင်မောင် နှင့် ဇာမဏီမြန်မာမှ ဦးသန့်ဇင်၊ ဒေါ်စပါယ်ဆင့် တို့တက်ရောက်ကြပါသည်။

အဆိုပါသင်တန်းကို တစ်နေ့လျှင် သင်တန်းသား ၆၀ဦးနှုန်းဖြင့် ၅ရက်ပို့ချသင်ကြားပေးသွားမည်ဖြစ်သည်။

လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ (ရန်ကုန်)YRO
မှတ်ပုံတင်အမှတ် – ၁ /ပြည်တွင်း/ ၁၀၂၂
09 772 988 988
09 774 988 988
သတင်းနှင့်ပြန်ကြားရေးမှူး
(စီမံ)
Photo by Moe Maik
Media Team YRO

Leave a Reply